ငွေတိုက်ဦးစီးဌာန၏ Financial Information Reporting System for Treasury-FIRST စနစ်အား အသုံးပြုနိုင်ရန် Pilot Project အဖြစ်ပြုလုပ်သည့် သင်တန်းဖွင့်ပွဲအခမ်းအနား (၉-၈-၂၀၁၉)


မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ငွေတိုက်ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဘတ်ဂျက်အကောင်အထည်ဖော်မှုနှင့် ဘဏ္ဍာရေးအစီရင်ခံမှု တိုးတက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် Financial Information Reporting System for Treasury-FIRST စနစ်အား အသုံးပြုနိုင်ရန် Pilot Project အဖြစ် ပြုလုပ်သည့်သင်တန်းဖွင့်ပွဲကို ၉-၈-၂၀၁၉ ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးဦးဆောင်အဖွဲ့၊ ဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက  အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

သင်တန်းဖွင့်ပွဲသို့  အမြဲတမ်းအတွင်းဝန်၊  ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမျူးချုပ်နှင့် အရာထမ်းများ၊ Pilot project အဖြစ် ရွေးချယ်ထားသော ဌာန/အဖွဲ့အစည်း(၁၄)ခုမှ အရာထမ်း/အမှုထမ်း (၄၃)ဦး တက်ရောက်ခဲ့ပါသည်။

ငွေတိုက်ဦးစီးဌာနအနေဖြင့် ဌာန/အဖွဲ့အစည်းများ၏ လစဉ်/နှစ်စဉ် ဘဏ္ဍာရန်ပုံငွေစာရင်းများ ပြုစုပေါင်းချုပ်ခြင်း၊ ငွေသားစီမံချက်ရေးဆွဲခြင်းတို့ကို Manual ဖြင့် ဆောင်ရွက်နေခြင်းအား Automation System အသုံးပြုဆောင်ရွက်ရန်နှင့် ငွေတိုက်ဦးစီးဌာနနှင့် အစိုးရဌာန/အဖွဲ့အစည်းများအကြား အဆိုပါစာရင်းများပေးပို့ခြင်းကို  ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် Pilot project အဖြစ် ဌာန/အဖွဲ့အစည်းများ (၁၄) ခု ရွေးချယ်၍ သက်ဆိုင်ရာဝန်ထမ်းများကို ၉-၈-၂၀၁၉ ရက်နေ့ မှ  ၁၀-၈-၂၀၁၉ ရက်နေ့အထိ ငွေတိုက်လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးသတင်းချက်အလက်များ အစီရင်ခံရေးစနစ် (FIRST) အတွင်းသို့ အချက်အလက်များအား လက်တွေ့ထည့်သွင်းနိုင်ရန် ရည်ရွယ်၍ လေ့ကျင့်သင်တန်းပေးခြင်း ဖြစ်ပါသည်။