“Cyber Security and Ethical Hacking သင်တန်း” မှ ရရှိခဲ့သည့် ဗဟုသုတများအား မျှဝေခြင်း (၆-၁-၂၀၂၅)


ငွေတိုက်ဦးစီးဌာနတွင် ပြုလုပ်သည့် “Cyber Security and Ethical Hacking” သင်တန်း တက်ရောက်ခဲ့ခြင်းမှ ရရှိခဲ့သည့်ဗဟုသုတများအား မျှဝေခြင်းအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲတွင် ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမကြီး၌ကျင်းပရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း(၅၇)ဦး တက်ရောက်ခဲ့ကြပါသည်။

ငွေတိုက်ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နွေးနွေးက Cyber Security နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်သူဇာခိုင်က Ethical Hacking နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဦးစီးအရာရှိ ဦးရဲကိုကိုထွန်းက Online Security & Social Media  နှင့်စပ်လျဉ်း၍ လည်းကောင်း လေ့လာသင်ယူခဲ့ရသည့် ဘာသာရပ်ဆိုင်ရာအကြောင်းအရာများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြခဲ့သည့်အပေါ် တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းခြင်း၊ ဗဟုသုတဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများအပြင် ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ ဌာနတွင်းအသုံးပြုနေသည့် ကွန်ပျူတာများနှင့် Server အား လုံခြုံမှုရှိစေရန်နှင့်  ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။


Copyright © of Treasury Department, 2022