ငွေတိုက်ဦးစီးဌာနဖွဲ့စည်းတည်ထောင်ခြင်း


၁။   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနအား ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၁၄) မှ ဌာနခွဲ (၆) ခုအတွက် အရာထမ်း (၁၇၅) နေရာ၊ အမှုထမ်း (၃၅၇) နေရာ၊ စုစုပေါင်း (၅၃၂) နေရာဖြင့် ဖွဲ့စည်းခွင့် ပြုခဲ့ပါသည်။

၂။    ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ငွေတိုက်ဦးစီးဌာနဖွင့်ပွဲကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။

၃။    ငွေတိုက်ဦးစီးဌာန၏လုပ်ငန်းများကိုအခြေခံ၍အောက်ပါဌာနခွဲများနှင့်ဖွဲ့စည်းထားပါသည်-

         (က)   ငွေကြေးစီမံခန့်ခွဲမှုဌာနခွဲ

         (ခ)    ကြွေးမြီစီမံခန့်ခွဲမှုဌာနခွဲ

         (ဂ)    စာရင်းပေါင်းချုပ်ပြုစုရေးနှင့်အစီရင်ခံရေးဌာနခွဲ

        (ဃ)   ငွေတိုက်ရေးရာမူဝါဒနှင့်အရည်အသွေးမြှင့်တင်မှုဆိုင်ရာဌာနခွဲ

         (င)    သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ

         (စ)    စီမံရေးရာနှင့်ငွေစာရင်းဌာနခွဲ