“Data Analysis and Visualization With Python” သင်တန်းတက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံအား မျှဝေခြင်း (၁၆-၁၀-၂၀၂၆)
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ်(၂)၊ သင်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့သည့် “Data Analysis and Visualization With Python” သင်တန်းသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတ မျှဝေခြင်းအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့၊ နေ့လယ် (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် သင်ကြားခဲ့ရသည့် Data Analysis အမျိုးအစား (၃) မျိုး (Descriptive Analytics ၊ Predictive Analytics ၊ Prescriptive Analytics) အကြောင်း၊ Data Analysis ပြုလုပ်နည်း အဆင့် (၅) မျိုးအကြောင်း၊ Python Programming Language ၏ အခြေခံ သဘောတရား၊ အရေးအသားများအကြောင်း၊ Python Data Science Ecosystem အတွက် Library များဖြစ်သည့် NumPy ၊ Pandas ၊ Matplotlib ၊ Seaborn တို့ကို အသုံးပြု၍ Data Visualization နည်းလမ်းများဖြင့် ဒေတာများကို ရှင်းလင်းလွယ်ကူစွာ ဖော်ပြခြင်း၊ ဒေတာများမှ အဓိကတွေ့ရှိချက်များကို ကောက်နှုတ်ပြီး အနှစ်ချုပ်ပုံစံဖြင့်ဖော်ပြခြင်းတို့ကို ရှင်းလင်း တင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူးများကလည်း မေးမြန်းခြင်းများအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။