“Foundation of Econometrics” သင်တန်းတက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံအား မျှဝေခြင်း (၂၃-၁၀-၂၀၂၆)
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့သည့် “Foundation of Econometrics” သင်တန်းသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတမျှဝေခြင်းအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၄)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် သင်ကြားခဲ့ရသည့် Economics နှင့် Econometrics တို့၏ အဓိပ္ပာယ် သတ်မှတ်ချက်များ၊ Econometrics Methodology များ၊ Structure of Economic Data များဖြစ်သည့် Cross-section data၊ Time series data၊ pooled cross section၊ Panel/ Longitudinal data၊ Simple Liner Regression ၊Multiple Liner Regression နှင့် Statistics ၏ အခြေခံသဘောတရားများဖြစ်သည့် Population၊ Sample ၊ Descriptive Statistics ၊ Inferential Statistics Categorical Statistics၊ Numercial Statistics၊ Mean၊ Median ၊ Mode ၊Probability တို့အား ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများ မျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးမှ အသိပညာ၊ ဗဟုသုတ မျှဝေခြင်း (Knowledge Sharing) ဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် ဝန်ထမ်းများမှ မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ပေးကြပါရန် တိုက်တွန်းမှာကြားခဲ့ပါသည်။