“ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း” တက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံအား မျှဝေခြင်း (၁၃-၁၁-၂၀၂၆)


ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့သည့်  “ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း” သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတ မျှဝေခြင်းအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၂)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် သင်ကြားခဲ့ရသည့် ငွေစုဘဏ်လုပ်ငန်းဥပဒေ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဥပဒေ၊ နည်းဥပဒေများ၊ မြန်မာ့အာမခံလုပ်ငန်းနှင့်သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်များ၊ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ၊ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်သွင်းခြင်းဆိုင်ရာဥပဒေနှင့် ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်သွင်းခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေ၊ ဝင်ငွေခွန်ဘာသာရပ်၊ ကုန်သွယ်လုပ်ငန်းခွန်ဘာသာရပ်၊ အထူးကုန်စည်ခွန်ဘာသာရပ်၊ တံဆိပ်ခေါင်းခွန်ဘာသာရပ်၊ အောင်ဘာလေသိန်းဆုခွန်ဘာသာရပ်၊ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ၊ ၁၈၇၈ ခုနှစ်၊ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ၊ ၁၉၂၄ ခုနှစ်၊ ကုန်းလမ်းအကောက်ခွန်ဥပဒေ၊ ၁၉၉၂ ခုနှစ်၊ အကောက်ခွန်နှုန်းဥပဒေ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ၊ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပါ ပင်စင်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ နှင့် ပြင်ဆင်သည့် ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများ၊ အခွန်အယူခံအဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် ဥပဒေမူကြမ်းရေးဆွဲရေး စီမံချက်တို့အကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှလည်း မေးမြန်းခြင်းများအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။