ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ဌာနတွင်း စီးပွားရေးဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်း (ရက်တို) ဖွင့်လှစ်သင်ကြားခြင်း(၁၄-၁၀-၂၀၂၆)


ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ဌာနတွင်း အမှုထမ်းများအတွက် စီးပွားရေးဘာသာရပ်ဆိုင်ရာအခြေခံသင်တန်းအား ငွေတိုက်ဦးစီးဌာန၊ ရုံးအမှတ် (၃၄) နေပြည်တော်၌ စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၁၃ ရက်ထိ ဖွင့်လှစ်ပို့ချခဲ့ပါသည်။

စီးပွားရေးဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းအား ငွေတိုက်ဦးစီးဌာနသို့ ဝင်ရောက်လာသည့် ဝန်ထမ်းသစ်များနှင့် စီးပွားရေးပညာလေ့လာလိုသူများကို စီးပွားရေးဘာသာရပ်ဆိုင်ရာ အခြေခံ သဘောတရားများ၊ စာရင်းကိုင်ပညာ၏အခြေခံမူများနှင့် ကိန်းဂဏန်းဆိုင်ရာ တွက်ချက်မှု စွမ်းရည်များကို အခြေခံအားဖြင့် သိရှိနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတက်ရောက်သည့် ဝန်ထမ်းများအနေဖြင့် မိမိတို့လေ့လာသင်ယူရသည့် သင်ခန်းစာများကို သေချာစွာ လေ့လာသင်ယူကြရန် လိုအပ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ခန်းစာပို့ချမှုများအပေါ် လေ့လာမှတ်သားယုံသာမက အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ကြပါသည်။ အဆိုပါသင်တန်းက ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ လုပ်ဖော်ကိုင်ဖက်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန်နှင့် မိမိတို့၏ လုပ်ငန်းတာဝန်များသာမက ဆက်စပ်လုပ်ငန်းနယ်ပယ်များကိုပါ နားလည်သဘောပေါက်ပြီး ပိုမိုထိရောက်အကျိုးရှိစွာ ဆောင်ရွက်နိုင်ရန်အတွက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

သင်တန်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၊ China University of Geosciences မှ အသုံးချစီးပွားရေးပညာမဟာဘွဲ့ရယူခဲ့သည့် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်သူဇာဝေက စီးပွားရေးပညာအကြောင်းမိတ်ဆက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရှန်ဟိုင်းမြို့၊ Shanghai National Accounting Institute မှ စာရင်းကိုင်မဟာဘွဲ့ရယူခဲ့သည့် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်မို့မို့လှိုင်က စာရင်းကိုင်ပညာ၏အခြေခံမှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အိန္ဒိယသမ္မတနိုင်ငံ၊ ဂူဂျာရပ်တက္ကသိုလ်မှ စီးပွားရေးလုပ်ငန်းဆိုင်ရာဘောဂဗေဒနှင့် ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ရယူခဲ့သည့် ဦးစီးအရာရှိ၊ ဒေါ်ခင်ထားနွယ်က ကိန်းဂဏန်းဆိုင်ရာတွက်ချက်မှုနှင့်အရည်အချင်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း သင်ကြားပို့ချခဲ့ပြီး အရည်အချင်းဆန်းစစ်မှုအား ၁၄−၁၀−၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းသို့ စိစစ်ရေးမှူး-၂ (၃၅) ဦး၊ စာရင်းကိုင်-၃ (၂) ဦးနှင့် စာရင်းကိုင်-၄ (၉) ဦး စုစုပေါင်း အမှုထမ်း (၄၆) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ (၁၄) ရက် ကြာမြင့်ခဲ့ပါသည်။