ငွေတိုက်ဦးစီးဌာန၌ ဖွင့်လှစ်ပို့ချခဲ့သည့် အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခြင်း (၁-၇-၂၀၂၂)


ငွေတိုက်ဦးစီးဌာန၌ ၁−၆−၂၀၂၂ ရက်နေ့မှ ၃၀−၆−၂၀၂၂ ရက်နေ့အထိ  အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ နံနက် (၁၁:၃၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ သင်တန်းဆရာမများဖြစ်သည့် ဒုတိယပါမောက္ခချုပ်၊ ကထိကနှင့် သင်တန်းသား၊ သင်တန်းသူ (၁၁၃) ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေက သင်တန်းဆင်းနှုတ်ဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက Group Song သီဆိုဖျော်ဖြေခြင်း၊ Group Presentation တွင် ဆုရရှိသည့်အဖွဲ့ (၆) ဖွဲ့အား ဆုများချီးမြှင့်ခြင်းနှင့် သင်တန်းဆရာမများအား အမှတ်တရ လက်ဆောင်များပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ပြီး အခမ်းအနားကို နေ့လယ် (၁:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။