4th SEADRIF Council of Members (COM) အစည်းအဝေးသို့ တက်ရောက်ခြင်း (၂၁−၄−၂၀၂၆)
၁။ 4th SEADRIF Council of Members (COM) အစည်းအဝေးကို The Monetary Authority of Singapore (MAS) နှင့် ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ပူးတွဲဥက္ကဋ္ဌများအဖြစ် ဦးဆောင်၍ ၂၁−၄−၂၀၂၆ ရက်တွင် မြန်မာစံတော်ချိန် မွန်းလွဲ ၂:၀၀ နာရီမှ ၂:၃၀ နာရီအထိ Virtual Format ဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ SEADRIF COM အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ+၃ နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ COM အဖွဲ့ဝင်ဖြစ်သူ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး ဦးဆောင်သောအဖွဲ့ တက်ရောက်ခဲ့ကြပါသည်။
၂။ အဆိုပါအစည်းအဝေးတွင် SEADRIF ၏ လုပ်ငန်းဆောင်ရွက်ချက် ဖြစ်ပေါ်တိုးတက်မှုများ၊ SEADRIF Sovereign Asset and Fiscal Empowerment Facility (SEADRIF−SAFE) နှင့် Regional Agriculture Insurance & Sustainable Economies Facility (SEADRIF−RAISE) တို့အပါအဝင် SEADRIF ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး SEADRIF 2030 Strategy ရေးဆွဲနိုင်ရေးအတွက် အခြေခံအဖြစ် ရေးဆွဲထားသည့် Strategic Framework အားလည်းကောင်း၊ SEADRIF ၏ အဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲမှုအားလည်းကောင်း အဖွဲ့ဝင်နိုင်ငံများက အတည်ပြုခဲ့ကြပါသည်။