နီပေါ-မြန်မာ ဒီဂျစ်တယ်ကူးပြောင်းမှုဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး အခမ်းအနားတက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံအား မျှဝေခြင်း (၂၂-၇-၂၀၂၆)


နီပေါ-မြန်မာ ဒီဂျစ်တယ်ကူးပြောင်းမှုဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးအခမ်းအနား တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေခြင်း အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင် လ ၂၂ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့  ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၄၃) ဦးတက်ရောက်ခဲ့ပါသည်။

၎င်းအခမ်းအနားသို့ ညွှန်ကြားရေးမှူး ဒေါ်ထေရီကာ၊ ဒုတိယညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဒေါ်ခင်ငြိမ်းသူ၊ ဒေါ်သျှားသက်ချိုတို့က ၉-၇-၂၀၂၆ ရက်နေ့တွင် တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါအခမ်းအနားတွင် လေ့လာခဲ့ရသည့် နီပေါနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် (Nepal PFM Cycle) ကို ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲသည့် လုပ်ငန်းစဉ်များ၊ Budget ရေးဆွဲရာမှစတင်၍ စာရင်းစစ်ဆေးခြင်းအဆင့်အထိ အဆင့်တိုင်းတွင် အသုံးပြုသည့် Software များဖြစ်သည့် Project Bank၊ Line Ministry Budget Information System (LMBIS)၊ Treasury Single Account၊ Computerised Government Accounting System (CGAS)၊ Subnational Treasury Regulatory Application (SuTRA)၊ Integrated Tax System ၊ Public Assets Management System နှင့် e-Gp ကိုလည်းကောင်း၊ နီပေါနိုင်ငံအစိုးရ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးတွင် ဌာနအသီးသီးကို တစ်စုတစ်စည်းတည်းဖြစ်စေရန် တည်ဆောက်ထားသည့် Integrated Digital Landscape Nagarik App (Gateway to Government Service) ကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များကလည်း မေးမြန်းခြင်းများအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။