“AI and Digital Skills For Modern Offices” သင်တန်း တက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံအား မျှဝေခြင်း (၂၁-၈-၂၀၂၆)


ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ဖွင့်လှစ်ခဲ့သည့် AI and Digital Skills For Modern Offices သင်တန်း တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေခြင်း အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၆) ဦးတက်ရောက်ခဲ့ပါသည်။

၎င်းသင်တန်းသို့ ဦးစီးအရာရှိ၊ ဦးဇင်မင်းဦးနှင့် စိစစ်ရေးမှူး-၂၊ ဒေါ်နွေးနွေးတို့က ၁၅-၆-၂၀၂၆ ရက်မှ ၂၆-၆-၂၀၂၆ ရက်ထိ တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါသင်တန်းတွင် ဆွေးနွေးပို့ချချက်များအရ Artificial Intelligence (AI) အသုံးပြုရာတွင် အခြေခံသိရှိရန် လိုအပ်သောအချက်များဖြစ်သည့် AI ၏ အဓိပ္ပာယ်၊ AI ၏ နောက်ခံသမိုင်း၊ AI သီအိုရီများ၊ AI ၏ အလုပ်လုပ်ပုံ၊ AI ကို မေးမြန်းရာတွင် အသုံးပြုသင့်သည့် PREP Framework ၊ AI ၏ အားသာချက်၊ အားနည်းချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ ဘာသာပြန်ခြင်းနှင့် အင်္ဂလိပ်စာရေးသားရာတွင် အသုံးပြုသင့်သည့် AI Tools များ၊AI ကို Excel ဖြင့် ပေါင်းစပ်အသုံးပြုပါက ရရှိနိုင်သည့်အကျိုးကျေးဇူးများ၊ ပုံဖန်တီးခြင်း၊ ဗွီဒီယိုဖန်တီးခြင်းများတွင် အသုံးပြုနိုင်သည့် AI Tools အကြောင်းများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့ အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များကလည်း မေးမြန်းခြင်းများအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။