ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းနှင့်စပ်လျဉ်း၍ ပြန်လည်မျှဝေခြင်း (၁၇-၃-၂၀၂၆)


နေပြည်တော်၊ Hotel Max တွင် ၁၈-၁၂-၂၀၂၅ ရက်နေ့မှ ၇-၁-၂၀၂၆ ရက်နေ့ထိ ဖွင့်လှစ်ပို့ချခဲ့သည့်  ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ် (၁၃) သို့ တက်ရောက်ခဲ့သည့် ငွေတိုက်ဦးစီးဌာနမှ စိစစ်ရေးမှူး-၂၊ ဒေါ်ဖြူသဲက သင်တန်းတွင် လေ့လာသင်ယူခဲ့မှုအား ဌာနတွင်း ပြန်လည်မျှဝေသည့် အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁၇)ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရုံအမှတ် (၃၄)၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် ငွေတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တကွ အရာထမ်း၊ အမှုထမ်း (၃၃) ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းမှ လေ့လာသိရှိခဲ့သည့် Food &Beverage Service နှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်းနှင့် ဝန်ဆောင်မှုပေးရန်အတွက်  ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား လက်တွေ့ပြသခြင်းများ ပြုလုပ်ခဲ့ပါသည်။