“Leadership Skills for Women” သင်တန်းနှင့် “Leadership for 21st Century Professionals(Women-Only)- Tza” သင်တန်းသို့ တက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံအား မျှဝေခြင်း (၃၁-၇-၂၀၂၆)


အိန္ဒိယသမ္မတနိုင်ငံ၊နယူးဒေလီမြို့တွင် ဖွင့်လှစ်ပို့ချခဲ့သည့် “Leadership Skills for Women” သင်တန်းနှင့် အိန္ဒိယသမ္မတနိုင်ငံ၊ Gautum Buddh Nagar မြို့တွင် ဖွင့်လှစ်ပို့ချခဲ့သည့် “Leadership for 21st Century Professionals(Women-Only)- Tza” သင်တန်းသို့ တက် ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတ မျှဝေခြင်း အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၆)ဦး တက်ရောက်ခဲ့ပါသည်။

“Leadership Skills for Women” သင်တန်းသို့ ဦးစီးအရာရှိ၊ ဒေါ်နွေးထွေးခင်နှင့် စိစစ်ရေးမှူး-၂၊ ဒေါ်နှင်းနုခက်တို့က ၃၀-၃-၂၀၂၆ ရက်မှ ၇-၄-၂၀၂၆ ရက်ထိ လည်းကောင်း၊ “Leadership for 21 st  Century Professionals(Women-Only)- Tza” သင်တန်းသို့ ဦးစီးအရာရှိ၊ ဒေါ်ထားအိအိလှိုင် နှင့် စိစစ်ရေးမှူး-၂၊ ဒေါ်ဖြူနှင်းသော်တို့က ၃၀-၃-၂၀၂၆ ရက်မှ ၁၀-၄-၂၀၂၆ ရက်ထိလည်းကောင်း တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။

“Leadership Skills for Women” သင်တန်းတွင် သင်ကြားခဲ့ရသည့် ကမ္ဘာ့တစ်ဝှမ်းအမျိုးသမီးများ ခေါင်းဆောင်မှုနေရာသို့ ရောက်ရှိရာတွင် ကြုံတွေ့ရသော အတားအဆီးများ၊ ဉပဒေနှင့် မူဝါဒဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများ၊ ခေါင်းဆောင်မှုကဏ္ဍများတွင် အမျိုးသမီးများ၏ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ရန်အတွက် ထိရောက်သော ဆက်သွယ်ပြောဆိုမှု အရည်အချင်းများ၊ အလုပ်နှင့်ကိုယ်ပိုင်ဘဝမျှတအောင် ဆောင်ရွက်ခြင်းမှသည် ခေါင်းဆောင်မှုနေရာတွင် တာဝန်ယူဆောင်ရွက်နိုင်သော အမျိုးသမီးများ ဖြစ်လာစေရေး သင်တန်းမှရရှိခဲ့သော အတွေ့ အကြုံဗဟုသုတများအပေါ် အခြေခံ၍ ရှေ့ဆက်လက်ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း နှင့် “Leadership for 21st Century Professionals(Women-Only)- Tza” သင်တန်းတွင် သင်ကြားခဲ့ရသည့် ခေါင်းဆောင်မှု၏ အဓိပ္ပာယ်၊ သော့ချက်ကျသော အစိတ်အပိုင်းများ၊ ခေါင်းဆောင်မှုပုံစံ ပြောင်းလဲတိုးတက်လာပုံ၊ ခေါင်းဆောင်၏ အဓိပ္ပာယ်၊ ခေါင်းဆောင်ကောင်း တစ်ယောက်တွင် ရှိရမည့် အချက်များ၊ ၂၁ ရာစု ခေါင်းဆောင်များ၏ ပင်မစွမ်းဆောင်ရည်များ၊ ခေတ်သစ်ခေါင်းဆောင်မှု၏ အဓိပ္ပာယ်၊ အနာဂတ်လုပ်ငန်းခွင်နှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှု၊ တစ်ဦးချင်းဆိုင်ရာ ကျွမ်းကျင်နိုင်နင်းမှုနှင့် အဖွဲ့လိုက်စွမ်းရည်၊ ပေါင်းစပ်အသုံးချမှုနှင့် လက်တွေ့ဘဝတွင် ကျင့်သုံးခြင်း၊အိန္ဒိယနိုင်ငံ၏ ၂၀၁၇ ခုနှစ်၊ မီးဖွားမှုဆိုင်ရာ အကျိုးခံစားခွင့် ပြင်ဆင်ချက်ဉပဒေပါ အဓိကအချက်များ၊ E-Sharm Portal တို့အကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ခေါင်းဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်ဆင့်ဆွေးနွေးခဲ့ပြီး လူတိုင်းသည် မိမိကိုယ်တိုင် ခေါင်းဆောင်ဖြစ်ကြောင်းနှင့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်အောင် ဆောင်ရွက်ကြရန်  မှာကြားခဲ့ပါသည်။