BCLMV Capacity Building Seminar 2025 သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေခြင်း (၅-၆-၂၀၂၆)
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ဖွင့်လှစ်ခဲ့သည့် BCLMV Capacity Building Seminar 2025 ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ငွေတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာဝင်းက ၎င်း၏ အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေခြင်းအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၃၄) ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၇) ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ငွေတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာဝင်းက ၉-၁၂-၂၀၂၅ ရက်မှ ၁၀-၁၂-၂၀၂၅ ရက်ထိ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် BCLMV နိုင်ငံများမှ အရာထမ်းများအတွက် မေခရိုစီးပွားရေးနှင့် စောင့်ကြည့်ရေးဆိုင်ရာအချက်များကို လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများနှင့်နှိုင်းယှဉ်၍ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ရန် ရည်ရွယ်ခဲ့ပြီး AMRO ၏ နည်းပညာအကူအညီပံ့ပိုးမှုအစီအစဉ် ၊ ဘဏ္ဍာရေးစည်းမျဉ်း( Fiscal Rules)၊ တရုတ်နိုင်ငံ၏ Green Tax System အကောင်အထည်ဖော်ဆောင်ရွက်မှု၊ Digital Transformation of Bond Markets၊ Digital Finance in China and Bond Innovation အကြောင်းအရာများ ဆွေးနွေးခဲ့ပါကြောင်း ပြန်လည်မျှဝေခဲ့ပါသည်။ BCLMV Capacity Building Seminar မှ ဆွေးနွေးချက်များအား လေ့လာသိရှိခဲ့ရသည့်အတွက် ဘဏ္ဍာရေးစည်းမျဉ်းရေးဆွဲချမှတ်ရာတွင်လည်းကောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် မူဝါဒချမှတ်ရေးလုပ်ငန်းစဉ်များတွင်လည်းကောင်း၊ ပြည်တွင်းငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင်လည်းကောင်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြဆွေးနွေးခဲ့ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများ မျှဝေခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက ကာလတိုသင်တန်းများ၊ ဆွေးနွေးပွဲများ တက်ရောက်သည့်ဝန်ထမ်းများအနေဖြင့် သင်တန်းအား သေချာစူးစမ်းလေ့လာရန်လိုအပ်ပါကြောင်း မှာကြားခဲ့ပါသည်။