၁၉-၅-၂၀၂၀ ရက်နေ့တွင် ကျင်းပသည့် Annual Meeting of Contributors-MOC နှင့် ၁၁-၉-၂၀၂၀ ရက်နေ့တွင် ကျင်းပသည့် Special Meeting of Contributors- MOC သို့ တက်ရောက်ခြင်း (၁၁-၉-၂၀၂၀)


CGIF Annual Meeting of Contributors ကို အဖွဲ့ဝင်နိုင်ငံများအကြား အလှည့်ကျကျင်းပလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံက တာဝန်ယူကျင်းပရမည်ဖြစ်ပါသည်။ သို့သော် လတ်တလောတွင် ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပွားလျက်ရှိသော COVID-19 ကပ်ရောဂါကြောင့် Annual Meeting of Contributors-MOC ကို ၁၉-၅-၂၀၂၀ ရက်နေ့တွင်လည်းကောင်း၊ Special Meeting of Contributors- MOC ကို ၁၁-၉-၂၀၂၀ ရက်နေ့တွင်လည်းကောင်း Video/ Teleconference ဖြင့် ကျင်းပခဲ့ရာ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် CGIF Management Team မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်စီစီပြုံးက သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ့အာမခံလုပ်ငန်း၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များက Video/ Teleconference ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ယခင်ကျင်းပခဲ့သည် MOC အစည်းအဝေးမှတ်တမ်းများ အတည်ပြုခြင်း၊ ၂၀၁၉ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ သက်ဆိုင်ရာကော်မတီအလိုက် ဥက္ကဋ္ဌများအား တာဝန်ဆက်လက် ထမ်းဆောင်ရန်အတည်ပြုခြင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတိုးတက်မှုအား အစီရင်ခံတင်ပြခြင်းနှင့် Contributor များ၏ အကြံဉာဏ်ရယူခြင်း၊ မတည်ငွေတိုးမြှင့်ရန်နှင့်စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုခြင်းနှင့် CGIF ၏ ဥပဒေဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ CGIF Annual Meeting of Contributors ကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပရန်လျာထားပါသည်။