“အီတလီ-မြန်မာ ကြွေးမြီဖလှယ်ခြင်း သဘောတူညီချက် စီမံခန့်ခွဲမှုကော်မတီ” ၏ ပဉ္စမအကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း (၁၃-၃-၂၀၂၀)


အီတလီသမ္မတနိုင်ငံကိုယ်စား အီတလီနိုင်ငံအစိုးရ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့အကြား ၆-၃-၂၀၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် Agreement on the Treatment နှင့် Agreement on Debt–for–Development Swap တို့အရ မြန်မာနိုင်ငံတွင် လူမှုစီးပွားဘဝအား ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်နိုင်ရန် ဖွဲ့စည်းထားသည့် “အီတလီ - မြန်မာကြွေးမြီဖလှယ်ခြင်းသဘောတူညီချက်စီမံခန့်ခွဲမှုကော်မတီ” ၏ ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နေ့တွင် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာအီတလီနိုင်ငံသံအမတ်ကြီး H.E Alessandra Schiavo တို့ မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ Italian Embassy of the Myanmar၊ Italian Agency for Development Cooperation (AICS)၊ United Nations Office for Project Services (UNOPS) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း ( ၂၃ ) ဦး တက်ရောက်ခဲ့ပါသည်။

Debt–for–Development Swap အကောင်အထည်ဖော်ဆောင်ရွက်ရန် အီတလီ - မြန်မာ ကြွေးမြီဖလှယ်ခြင်းသဘောတူညီချက် စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းခဲ့ပြီး ကော်မတီ၏ဆုံးဖြတ်ချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စု (၉၆) အုပ်စုတွင် National Community Driven Development Program Block Grant ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများပြီးစီးပြီဖြစ်ပါသဖြင့် ယခုကဲ့သို့ ကော်မတီ၏ ပဉ္စမအကြိမ်နှင့် နောက်ဆုံးအကြိမ် အစည်းအဝေးကျင်းပ၍ အတည်ပြုချက်ရယူခဲ့ခြင်းဖြစ်ပါသည်။