Financial Management and Accounting with Excel သင်တန်း တက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံအား မျှဝေခြင်း (၂၄-၇-၂၀၂၆)


ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ဖွင့်လှစ်ခဲ့သည့် Financial Management and Accounting with Excel သင်တန်းသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေခြင်း အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၄) ဦးတက်ရောက်ခဲ့ပါသည်။

၎င်းသင်တန်းသို့ စိစစ်ရေးမှူး-၂ များဖြစ်ကြသည့် ဒေါ်ထက်နန္ဒာရွှေနှင့် ဒေါ်တင်တင်ထွေးတို့က ၂၃-၂-၂၀၂၆ ရက်မှ ၂၄-၃-၂၀၂၆ ရက်ထိ တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါသင်တန်းတွင် လေ့လာခဲ့ရသည့် Conditional Formatting  တွင် ပါဝင်သည့် Rules များ၏ အသုံးဝင်သည့် နည်းလမ်းများ၊ Excel တွင် အချက်အလက်များအား table ရေးဆွဲခြင်း မှ ရရှိနိုင်သော အသုံးဝင်သည့် နည်းလမ်းများ၊ Excel ဇယားတွင် Name ဖန်တီးနိုင်သည့် နည်းလမ်းများ၊ အချက်အလက်များအား Summarizing ပြုလုပ်ရာတွင် Pivot Table ၏ အသုံးဝင်ပုံများ၊ Drawing Charts တွင် ပါဝင်သည့် Line Charts ၊Area Charts ၊ Column Charts ၊ Bar Charts ၊ Pie Charts ၊ XY (Scatter) Charts၊ Column and Line Chart ၊ Population Pyramid ၊ Chart with Two Axis ၊ Bar Chart with Modified Axis၊ what if analysis tools တို့၏ အသုံးဝင်ပုံများအား စာတွေ့အပြင် လက်တွေ့လုပ်ဆောင်၍ ရှင်းလင်း တင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြား ရေးမှူးချုပ်များကလည်း မေးမြန်းခြင်းများအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ယခုသင်တန်းသည် ဝန်ထမ်းတိုင်း မဖြစ်မနေသိသင့်သိထိုက်သည့် သင်တန်းဖြစ်ပြီး သင်တန်းတက်ရောက်သည့် ဝန်ထမ်းများမှလည်း ဆက်လက်သင်တန်းပေးနိုင်ရေး ဆောင်ရွက်ပေးကြပါရန် မှာကြားခဲ့ပါ သည်။