Covid-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေသို့ လှူဒါန်းသည့် အလှူရှင်များသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း (၂၇-၄-၂၀၂၁)
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) စုပေါင်းအစည်းအဝေးခန်းမ၌ Covid-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေသို့ လှူဒါန်းသည့်အလှူရှင်များသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။