ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး Anti - Money Laundering and the Combating of Financing Terrorism (AML/CFT) ဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သို့ တက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံအား မျှဝေခြင်း (၇-၈-၂၀၂၆)


ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ဖွင့်လှစ်ခဲ့သည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး Anti - Money Laundering and the Combating of Financing Terrorism (AML/CFT) ဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၆)  တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေခြင်း အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၆) ဦးတက်ရောက်ခဲ့ပါသည်။

၎င်းသင်တန်းသို့ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ခင်ငြိမ်းသူနှင့် ဦးစီးအရာရှိများဖြစ်ကြသည့် ဒေါ်နွယ်နွယ်မိုးနှင့် ဒေါ်နီနီယဉ်ဝင်းတို့က ၂၃-၂-၂၀၂၆ ရက်မှ ၂၄-၃-၂၀၂၆ ရက်ထိ တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါသင်တန်းတွင် ဆွေးနွေးပို့ချချက်များအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ကျူးလွန်ရာရောက်သည့်ပြစ်မှုများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပါ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ချက်များ၊ ငွေကြေးခဝါချခြင်း၊ ငွေကြေးခဝါချခြင်း အဆင့်(၃)ဆင့်၊ ငွေကြေးခဝါချသူများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ပြည်တွင်းဥပဒေပြဋ္ဌာန်းချက်များ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများမှ လိုက်နာရန် ပြဋ္ဌာန်းချက်များ၊ တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေအရ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများမှ လိုက်နာရန် ပြဋ္ဌာန်းချက်များ၊ ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ဘဏ် နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများမှ လိုက်နာရန် ပြဋ္ဌာန်းချက်များ၊ ငွေကြေးခဝါချမှုတိုက် ဖျက်ရေး ဥပဒေ(၁၄-၃-၂၀၁၄/ ၁၁-၃-၂၀၂၆)၊ သတင်းပို့ရန်တာဝန်နှင့် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ FATF ၏ အကြံပြုချက်များ၊ Asia-Pacific Group on Money Laundering – APG ၏ ဖွဲ့စည်းမှု၊ FATF ၏ မြန်မာနိုင်ငံအပေါ် စာရင်းထုတ်ပြန်မှုများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု၏ တိုက် ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ(၂၀၂၄-၂၀၂၈) များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များကလည်း မေးမြန်းခြင်းများအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။