အာရှဖွံ့ဖြိုးရေးဘဏ်၏ (၅၃) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် တွဲဖက်ကျင်းပသည့် “2020 Constituency Senior Officials’ Meeting (CSOM)” သို့ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ သဘာပတိအဖြစ် တက်ရောက်ခြင်း (၁၆-၉-၂၀၂၀)


အာရှဖွံ့ဖြိုးရေးဘဏ်တွင် မြန်မာနိုင်ငံပါဝင်သည့် မဲပေးအုပ်စုအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (Constituency Senior Officials’ Meeting – CSOM) ကို နှစ်စဉ် အာရှဖွံ့ဖြိုးရေးဘဏ်၊ နှစ်ပတ်လည်အစည်းအဝေးများနှင့် တွဲဖက်ကျင်းပလျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံများက သဘာပတိအဖြစ် အလှည့်ကျတာဝန်ယူဆောင်ရွက်ရသည်ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပသည့် 2020 Constituency Senior Officials’ Meeting (CSOM) အား မြန်မာနိုင်ငံက သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ရပါသည်။

လတ်တလောဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့် 2020 CSOM ကို ၁၆-၉-၂၀၂၀ ရက်နေ့တွင် Virtual Meeting အဖြစ် ကျင်းပခဲ့ရာ မဲပေးအုပ်စုအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘရူနိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ နီပေါနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်များအပါအဝင် မဲပေးအုပ်စုရုံးအဖွဲ့ (Constituency Office) မှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်အဖြစ် ဒုတိယညွှန်ကြားရေးမှူးတစ်ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ ADB ၏ Strategy, Policy and Partnerships Department (SPD) နှင့် Private Sector Operations Department (PSOD) တို့မှ တာဝန်ရှိသူများက ADB မှ ထုတ်ပြန်ထားသည့် Strategy 2030 နှင့်စပ်လျဉ်း၍လည်းကောင်း၊ လတ်တလောဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့် ADB အဖွဲ့ဝင်ဖွံ့ဖြိုးဆဲနိုင်ငံများကြုံတွေ့နေရသည့် လူမှုစီးပွားထိခိုက်မှုများအတွက် ADB မှ ချေးငွေ၊ ထောက်ပံ့ငွေ ပေးအပ်ခြင်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ADB ၏ Operational Plan for Private Sector Operations for 2019 to 2024 နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်သူများက အကြံပြုဆွေးနွေးခြင်းနှင့် သိလိုသည်များကို မေးမြန်းခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

ယင်းနောက် မဲပေးအုပ်စုရုံးအဖွဲ့ (Constituency Office) မှ Executive Director ဖြစ်သူ Mr. Warotai နှင့်အဖွဲ့က ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံပါဝင်သည့် မဲပေးအုပ်စုအဖွဲ့ဝင်နိုင်ငံများတွင် ADB က လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ADB ချေးငွေ၊ ထောက်ပံ့ငွေများဖြင့် စီမံကိန်းအကောင်အထည်ဖော်ပြီးစီးမှု၊ ဆောင်ရွက်ဆဲကိစ္စများနှင့်စပ်လျဉ်းသည့်အစီရင်ခံစာအား ရှင်းလင်းတင်ပြပြီး တက်ရောက်သူများက ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။

၂၀၂၁ ခုနှစ်၊ မဲပေးအုပ်စုအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (2021 Constituency Senior Officials’ Meeting - CSOM) ကို ဂျော်ဂျီယာနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အလှည့်ကျအစည်းအဝေး သဘာပတိအဖြစ် နီပေါနိုင်ငံက တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါသည်။