IMF’s Government Finance Statistics (GFS) အမှတ်စဉ်-၃ သင်တန်းတက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေခြင်း (၂၉-၅-၂၀၂၆)


ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် IMF’s Government Finance Statistics (GFS) အမှတ်စဉ်-၃ သင်တန်းသို့ တက်ရောက်ခဲ့သည့် ငွေတိုက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများက ၎င်းတို့၏ အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေခြင်းအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၃၄) ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၉) ဦးတက်ရောက်ခဲ့ပါသည်။

၎င်းသင်တန်းသို့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်နန္ဒာလွင်နှင့် ဒေါ်စုစုအောင်၊ ဦးစီးအရာရှိ၊ ဦးဇင်မင်းဦး၊ ဦးရဲဝင်းအောင်၊ ဒေါ်စုစုပိုင်၊ ဒေါ်ပြည့်ဖြိုးနှင့် ဦးဝဏ္ဏထွန်းတို့က ၂၀-၂-၂၀၂၅ ရက်မှ ၂၈-၃-၂၀၂၅ ရက်ထိ တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါသင်တန်းသည် အစိုးရ၏ ဘဏ္ဍာရေးစာရင်းအင်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြုစုစစ်ဆေးနိုင်ပြီး အစီရင်ခံစာများထုတ်ပြန်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund- IMF) က ထုတ်ပြန်ထားသည့် Government Finance Statistics Manual GFSM−2014 ပါ ပြဋ္ဌာန်းချက်များကို သိရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး အစိုးရ၏ကဏ္ဍအလိုက် စာရင်းသဘောသဘာဝ၊ စီမံခန့်ခွဲမှုစနစ် ကွဲပြားသည်နှင့် စာရင်းစနစ်ကွဲပြားနိုင်မှု၊ အစိုးရအနေဖြင့် ပိုမိုဖွံ့ဖြိုးစေလိုသည့် ကဏ္ဍအလိုက် ပြောင်းလဲရန်လိုအပ်သည့် မူဝါဒများ စာရင်းအင်းများကို ကြည့်ရှုပြီး အလွယ်အကူ သိရှိနိုင်သကဲ့သို့ မူဝါဒအပေါ်မူတည်ပြီး အကျိုးရလဒ်ပြောင်းလဲနိုင်မှု၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ ထုတ်ပြန်ထားသည့် အစိုးရဘဏ္ဍာရေးဆိုင်ရာ စာရင်းအင်းလက်စွဲ ၂၀၁၄ (Government Finance Statistics Manual 2014) ပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက Government Finance Statistics (GFS) သင်တန်းသည် ငွေတိုက်ဦးစီးဌာန၏ လုပ်ငန်းများနှင့်သက်ဆိုင်သည့်သင်တန်းဖြစ်ကြောင်း၊ ဌာနမှ ဝန်ထမ်းများအနေဖြင့် မဖြစ်မနေ သိသင့်သိထိုက်ကြောင်း၊ သင်တန်းတက်ရောက်ကြရသည့် ဝန်ထမ်းများအနေဖြင့် သင်ကြားခဲ့ရသည့် ဘာသာရပ်များအား မိမိလက်တွေ့နယ်ပယ်များအပေါ် မူတည်၍ ရှေ့ဆက်ဆောင်ရွက်သင့်သည်များ ထည့်သွင်းဆွေးနွေးသင့်ပါကြောင်းမှာကြားခဲ့ပြီး IMF’s Government Finance Statistics (GFS) အမှတ်စဉ်-၃ သင်တန်းတက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေခြင်းအစီစအဉ်အား နံနက် (၁၁:၃၀) နာရီတွင် ကျင်းပပြီးစီးခဲ့ပါသည်။