အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာမခံလုပ်ငန်း (SEADRIF) ဦးစီးကော်မတီ အစည်းအဝေးကျင်းပခြင်း (၂၈-၈-၂၀၂၀)
အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအာမခံလုပ်ငန်း (Southeast Asia Disaster Risk Insurance Facility-SEADRIF) သည် အရှေ့တောင်အာရှနိုင်ငံများတွင် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုကြောင့် ရုတ်တရက်ဖြစ်ပေါ်လာသော ဘဏ္ဍာငွေလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးသည့်အစီအစဉ်ဖြစ်ပါသည်။ SEADRIF တွင် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်သည့် ရေကြီးရေလျှံမှုအတွက် အာမခံထားရှိနိုင်ရန် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပါသည်။
အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအာမခံလုပ်ငန်း (SEADRIF) ဦးစီးကော်မတီ (Steering Committee) အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဥက္ကဋ္ဌအဖြစ် ၂၄-၁၂-၂၀၁၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အစည်းအဝေးများကို (၆) ကြိမ်ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးများကို ဦးစီးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးဦးဆောင်၍ ကော်မတီအဖွဲ့ဝင်များဖြင့် ပထမအကြိမ်အား ၁၇-၁၂-၂၀၁၈ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ်အား ၅-၃-၂၀၁၉ ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ်အား ၂၂-၈-၂၀၁၉ ရက်နေ့တွင်လည်းကောင်း၊ စတုတ္ထအကြိမ်အား ၁၆-၉-၂၀၁၉ ရက်နေ့တွင်လည်းကောင်း၊ ပဉ္စမအကြိမ်အား ၁၄−၈−၂၀၂၀ ရက်နေ့တွင်လည်းကောင်း၊ ဆဋ္ဌမအကြိမ်အား ၂၈-၈-၂၀၂၀ ရက်နေ့တွင်လည်းကောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး SEADRIF အကောင်အထည်ဖော်ရန်အတွက် လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။