ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းဆိုင်ရာအမှုထမ်းသင်တန်း အမှတ်စဉ်(၁) သို့ တက်ရောက်ခဲ့ခြင်းအပေါ် အသိပညာ၊ ဗဟုသုတ၊ အတွေ့အကြုံ မျှဝေခြင်း (၄-၉-၂၀၂၆)
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ဖွင့်လှစ်ခဲ့သည့် “ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းဆိုင်ရာအမှုထမ်းသင်တန်း အမှတ်စဉ်(၁) သို့” တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတ မျှဝေခြင်း အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီတွင် ရုံးအမှတ် (၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစီအစဉ်သို့ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၆)ဦး တက်ရောက်ခဲ့ပါသည်။
“ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းဆိုင်ရာ အမှုထမ်းသင်တန်း အမှတ်စဉ်(၁) ” သို့ စိစစ်ရေးမှူး-၂ များဖြစ်ကြသော ဒေါ်မာမာအေး၊ ဒေါ်အေးစံပယ်သင်း၊ဒေါ်အိအိဝင်းတို့နှင့် စာရင်းကိုင်-၄ များ ဖြစ်ကြသော ဒေါ်ဝါဝါခိုင်၊ ဦးဘုန်းပြည့်လျှံတို့က ၉-၆-၂၀၂၆ ရက်မှ ၂၃-၇-၂၀၂၆ ရက်ထိ တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။
“ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းဆိုင်ရာ အမှုထမ်းသင်တန်း အမှတ်စဉ်(၁)” တွင် သင်ကြားခဲ့ရသည့် ဘဏ္ဍာရေးစည်းမျဉ်းဆိုင်ရာများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ဖြစ်ပေါ်လာပုံ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဆက်နွယ်သော ဝန်ထမ်းရေးရာကိစ္စများ ဆောင်ရွက်ရာတွင် တစ်ညီတစ်ညွတ်တည်း လိုက်နာရန် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် ညွှန်ကြားချက်များ၊ ရုံးလုပ်ငန်းလက်စွဲပါ ဆောင်ရွက်ချက်များ၊ စာရင်းစစ်ကန့်ကွက်ချက် မဖြစ်ပေါ်စေရေး စီမံခန့်ခွဲကြီးကြပ်ခြင်းဆိုင်ရာအချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများ မျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ညွှန်ကြားရေးမှူးများမှ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများအား မှန်ကန်စွာ သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာ စည်းမျဉ်း၊ ဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လုပ်ငန်းများကို စွမ်းဆောင်ရည်ပြည့်ဝစွာ လုပ်ဆောင်ကြရန် မှာကြားခဲ့သည်။