“ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျှော့ချရေးအား မိတ်ဆက်ခြင်းသင်တန်း” မှ ရရှိခဲ့သည့် ဗဟုသုတများအား မျှဝေခြင်း (၁၅−၁၂−၂၀၂၂)


Singapore  - United Nations Office for Disaster Risk Reduction (UNDRR) Joint Training Program  အရ Civil Service College, Singapore မှ ကြီးမှူး၍ ၇−၁၁−၂၀၂၂ ရက်နေ့ မှ ၁၀−၁၁−၂၀၂၂ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျှော့ချရေးအား မိတ်ဆက်ခြင်းသင်တန်း (Course on Introduction to Disaster Risk Reduction) သို့ Virtual ဖြင့် တက်ရောက်ခဲ့သည့် ငွေတိုက်ဦးစီးဌာန၊ ငွေတိုက်ရေးရာမူဝါဒနှင့် အရည်အသွေးမြှင့်တင်မှုဆိုင်ရာဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်စုရည်မွန်မှ သင်တန်းမှရရှိခဲ့သည့်ဗဟုသုတများကို ပြန်လည်မျှဝေခြင်းအခမ်းအနားကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နံနက် (၉:၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း (၅၄) ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျှော့ချခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကောင်းမွန်သည့်နိုင်ငံများ၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအစီအစဉ်များ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် ဘဏ္ဍာငွေဖြည့်ဆည်းနိုင်သည့်နည်းလမ်းများ၊ စင်္ကာပူနိုင်ငံ၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို ကာကွယ်ရန်တို့အတွက် ဆောင်ရွက်လျက်ရှိသည့်အစီအစဉ်များကို မျှဝေခဲ့ပါသည်။ အခမ်းအနားအား နံနက် (၁၁:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။