ငွေတိုက်ဦးစီးဌာန၏ (၂/၂၀၂၂-၂၀၂၃) ကြိမ်မြောက် ဝန်ထမ်းထုရှင်းလင်း ဆွေးနွေးဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကျင်းပခြင်း (၂၉−၁၂−၂၀၂၂)
ဝန်ထမ်းထုရှင်းလင်းဆွေးနွေးဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကို ၂၉-၁၂-၂၀၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း (၁၅၂) ဦး တက်ရောက်ခဲ့ကြပါသည်။
ဝန်ထမ်းထုရှင်းလင်းဆွေးနွေးဆန္ဒဖော်ထုတ်ပွဲအား ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ၂၀၂၂ ခုနှစ်အတွင်း ဌာန၏လုပ်ငန်းများ၊ ဆောင်ရွက်ပြီးစီးမှုများနှင့် ၂၀၂၃ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ၂−၅−၂၀၂၂ ရက်နေ့မှ ၂၆−၈−၂၀၂၂ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသည့် အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၉၀) တွင် သင်တန်းသားစံပြဆု ရရှိခဲ့သည့် စိစစ်ရေးမှူး−၂ ဦးရဲကိုကိုထွန်းအားလည်းကောင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားအတွက် ဌာန၏ Backdrop နှင့် Video Clip ဖန်တီးပေးသည့် လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်မြတ်အောင်နှင့်အဖွဲ့အားလည်းကောင်း၊ ဌာန၏ (၈)နှစ်ပြည့် Logo Design ဖန်တီးသည့် စိစစ်ရေးမှူး−၂ ဦးသန်းထိုက်ဇော်အားလည်းကောင်း၊ ဌာန၏လက်ကမ်းစာစောင် ဖန်တီးပေးသည့် စိစစ်ရေးမှူး−၂ ဦးရဲဝင်းအောင်အားလည်းကောင်း ညွှန်ကြားရေးမှူးချုပ်မှ ဆုများချီးမြှင့်ခဲ့ပါသည်။
ထို့နောက်ညွှန်ကြားရေးမှူးချုပ်မှ (၂/၂၀၂၂-၂၀၂၃) ကြိမ်မြောက် ဝန်ထမ်းထုရှင်းလင်း ဆွေးနွေးဆန္ဒဖော်ထုတ်ပွဲအား နိဂုံးချုပ်အမှာစကားပြောကြား၍ ရုပ်သိမ်းခဲ့ပါသည်။