“ရုံးဌာန မီးဘေးလုံခြုံရေးအတွက် ဆင့်ပွားသင်တန်း” ပို့ချခြင်း (၈-၁၂-၂၀၂၂)


ပြည်ထဲရေးဝန်ကြီးဌာန၊  မီးသတ်ဦးစီးဌာန၊ နေပြည်တော်ဇမ္ဗူသီရီမြို့နယ် မီးသတ်စခန်းတွင် ၂၅-၇-၂၀၂၂  မှ ၁၂-၈-၂၀၂၂ ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့သည့် “မီးဘေးလုံခြုံရေးစီမံခန့်ခွဲမှုသင်တန်း (Course on Fire Safety Management for Government Officials) အမှတ်စဉ်(၂)” သို့ တက်ရောက်ခဲ့သည့် ငွေတိုက်ဦးစီးဌာန၊ စီမံရေးရာနှင့် ငွေစာရင်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးအောင်မင်းဦး သင်တန်းမှရရှိခဲ့သည့် အသိပညာဗဟုသုတများအား ပြန်လည်မျှဝေသည့် “ရုံးဌာနမီးဘေးလုံခြုံရေးအတွက်ဆင့်ပွားသင်တန်း ပထမအကြိမ်”ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)၊ စုပေါင်းခန်းမ၌ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့ နံနက်(၉:၃၀)တွင် ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း(၅၉)ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းတွင် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ မီးလောင်မှု အခြေခံသဘောတရားများ၊ မီးလောင်ကျွမ်းမှု ပုံသဏ္ဌာန်အမျိုးအစားများ၊ အခြေခံမီးငြှိမ်းသတ်ရေး နည်းလမ်းများနှင့် မီးအတန်းအစားခွဲခြားပြီး မီးအတန်းအစားအလိုက်မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပို့ချပြီး သင်တန်းတက်ရောက်သူများနှင့်အတူ မီးငြှိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်းကို နေ့လယ်(၁၁:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။