သက်ပြည့်အငြိမ်းစားယူခြင်းအတွက် နှုတ်ဆက်ပွဲအခမ်းအနားကျင်းပခြင်း (၂၅-၉-၂၀၂၄)
ငွေတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီခိုင် သက်ပြည့်အငြိမ်းစားယူခြင်းအတွက် နှုတ်ဆက်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နေ့လယ် (၁:၃၀) နာရီ အချိန်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးမှ နှုတ်ဆက်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီခိုင်မှ နှုတ်ဆက်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပါသည်။ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်း (၁၆၀)ဦး တက်ရောက်ခဲ့ကြပါသည်။