South Asia Sub Regional Economic Cooperation (SASEC) Senior Official Meeting (SOM) for 2024 ကျင်းပခြင်း (၈-၁၁-၂၀၂၄)


၂၀၂၄ ခုနှစ်အတွက် South Asia Sub Regional Economic Cooperation (SASEC) Senior Official Meeting (SOM) အား ဘူတန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank) တို့ပူးပေါင်း၍ ၈−၁၁−၂၀၂၄ ရက် မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီ မှ ညနေ ၆:၃၀ နာရီအထိ ဘူတန်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ရာ ၎င်းအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် (၁၁) ဦးက Online ဖြင့် တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် Transport Working Group ၊ Trade Facilitation Working Group နှင့် Energy Working Group တို့နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအားလည်းကောင်း၊ Economic Corridor Development နှင့်စပ်လျဉ်း၍ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မည့်နည်းလမ်းအားလည်းကောင်း၊ Digital Payment စနစ်နှင့် Digital Public Infrastructure ဆောင်ရွက်နေမှုအခြေအနေအားလည်းကောင်း၊ Action Plan for SASEC Initiative (APSI) (2024-2026) တွင် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးစီမံကိန်းများကိုလည်းကောင်း ဆွေးနွေးခဲ့ကြပါ သည်။

အဆိုပါအစည်းအဝေးသို့ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ SASEC လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးအား ညနေ ၆:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။