Intersessional ASEAN Treasury Forum Meeting သို့ Virtual ဖြင့် တက်ရောက်ခြင်း (၈−၁၂−၂၀၂၅)


3rd  ASEAN Treasury Forum (ATF) Meeting အတွက် ကြိုတင်ပြင်ဆင်နိုင်ရန် ဖိလစ်ပိုင်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကြီးမှူး၍ ကျင်းပသည့် Intersessional ASEAN Treasury Forum Meeting ကို ၈−၁၂-၂၀၂၅ ရက်တွင် မြန်မာစံတော်ချိန် နံနက် ၈:၃၀ နာရီမှ ၁၀:၃၀ နာရီအထိ ကျင်းပခဲ့ရာ ၎င်းအစည်းအဝေးသို့ ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး ဦးဆောင်သည့်အဖွဲ့က Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ အဆိုပြုထားသည့် အာဆီယံဘဏ္ဍာရေးဝန်ကြီးဌာနများတွင် ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ စွမ်းဆောင်ရည်အကဲဖြတ်သည့် မူဘောင်ဆိုင်ရာ သဘောတရား (Concept Note on the Capability Assessment Framework for Mainstreaming climate Action) ၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ATF လုပ်ငန်း အဖွဲ့အစည်းအဝေးများ ကျင်းပနိုင်ရေးကိစ္စ၊ အဆိုပါလုပ်ငန်းအဖွဲ့အစည်းအဝေးများတွင် ဆွေးနွေးမည့် ခေါင်းစဉ်များနှင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပမည့် 3rd  ASEAN Treasury Forum (ATF) Meeting တွင် ဆွေးနွေးမည့် ခေါင်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။