“အိန္ဒိယသမ္မတနိုင်ငံ၊ အဟ်မဒါဘတ်မြို့၊ Gujarat University တွင် မဟာဘွဲ့သင်တန်းတက်ရောက်ခဲ့မှုနှင့် Millennials and G Z တို့အကြား နှိုင်းယှဉ်လေ့လာထားသည့် သုတေသနစာတမ်းအား” အသိပညာပြန်လည်မျှဝေခြင်း (၂၈−၈-၂၀၂၆)


အိန္ဒိယသမ္မတနိုင်ငံ၊ အဟ်မဒါဘတ်မြို့၊ Gujarat University တွင်  ဖွင့်လှစ်ပို့ချခဲ့သည့် “ MBA in Business Economics and Public Finance” စီးပွား​ရေးလုပ်ငန်းဆိုင်ရာ​ဘောဂ​ဗေဒနှင့် ပြည်သူ့ဘဏ္ဍာ​ရေးဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်းသို့ တက်ရောက်ခဲ့သည့် ငွေတိုက်ဦးစီးဌာန ဦးစီးအရာရှိ၊ ဒေါ်ခင်ထားနွယ်မှ မဟာဘွဲ့သင်တန်းတက်ရောက်ခဲ့မှုနှင့် Millennials and G Z တို့အကြား နှိုင်းယှဉ်လေ့လာထားသည့် သုတေသနစာတမ်းအား အသိ ပညာပြန်လည်မျှဝေခြင်း အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့၊ ​နေ့လယ် (၂:၀၀) နာရီတွင် ရုံးအမှတ်(၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၄) ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါ မဟာဘွဲ့သင်တန်းတက်​ရောက်ခဲ့သည့် ပညာသင်ကာလ (၂) နှစ်အတွင်း​ ဘာသာရပ် (၂၄) ခု လေ့လာသင်ကြားခဲ့ရပြီး သုတေသနစာတမ်း (၃)ခုအား ပြုစုတင်ပြခဲ့ရပါကြောင်းနှင့် အဆိုပါသုတေသနစာတမ်း(၃)ခုအနက် ဒစ်ဂျစ်တယ်ခေတ်တွင် အကြွေးစနစ်ပုံမှန်ဖြစ်လာမှု: အဟ်မဒါဘတ်မြို့ရှိ Millennials and G Z တို့၏ ငွေကြေးဆိုင်ရာအမြင်များအ​ပေါ် Instant Credit Apps များ၏ သက်​ရောက်မှုကို နှိုင်းယှဉ်လေ့လာထားသည့် သု​တေသနစာတမ်း နှင့်ပတ်သက်၍ ဒစ်ဂျစ်တယ်ခေတ်တွင် ​ ​ G Z များနှင့် Millennials များအား Digital lending ၊ Instant Credit Apps များနှင့်စပ်လျဉ်း၍ ငွေကြေးဆိုင်ရာမူဝါဒချမှတ်သူများမှ စည်းမျဉ်းစည်းကမ်းများ ချမှတ်သင့်ပါကြောင်း၊ ဒစ်ဂျစ်တယ်​ငွေ​ချေးငှားခြင်းလုပ်ငန်းစဉ်များအား ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်သင့်ပါ​ကြောင်း၊ ချေးငွေနှင့်သက်ဆိုင်သည့် အတိုးနှုန်း၊ ဝန်ဆောင်ခ၊ ပြန်လည်​ပေးဆပ်ရမည့်တာဝန်များ၊ ​ချေးငွေအား အချိန်မီပြန်လည်​ပေးဆပ်နိုင်ခြင်းမရှိပါက ရရှိနိုင်မည့် အကျိုး/အပြစ်များနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ ထုတ်ဖော်ပြောကြားသင့်ပါ​ကြောင်း၊ Millennials နှင့် G Z များအတွက် တာဝန်သိစွာ ချေးငွေရယူခြင်းဆိုင်ရာ အသိ ပညာ​ပေးအစီအစဉ်များအား အ​ကောင်အထည်ဖော် ဆောင်ရွက်သင့်ပါ​ကြောင်းနှင့်  ချေးငွေထုတ်ချေးသူများအား တာဝန်သိစိတ်ရှိ​သော ချေး​ငွေထုတ်​ချေးမှုဆိုင်ရာ ကျင့်စဉ်များကို ကျင့်သုံးရန် တိုက်တွန်းသင့်ပါ​ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ မဟာဘွဲ့သင်တန်းတက်ရောက်မှုအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများအနေဖြင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ပြင်ပသင်တန်းများကိုလည်း တက်ရောက်စေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပြီး အတွေ့အကြုံ၊ ဗဟုသုတမျှဝေခြင်း အစီအစဉ်အား (၃:၀၀) နာရီတွင် ကျင်းပပြီးစီးခဲ့ပါသည်။