ငွေတိုက်ဦးစီးဌာန ဝန်ထမ်းမိသားစုမှ နှစ်သစ်ကူးကုသိုလ် အလှူပြုလုပ်ခြင်း (၂-၄-၂၀၂၃)


၂၀၂၃ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဝန်ထမ်းများက နေပြည်တော်၊ ဘူးကွဲရွာဦးကျောင်းတိုက်၌ သီတင်းသုံးတော်မူသည့် သံဃာတော်အရှင်သူမြတ်များအား မဟာသင်္ကြန်ကာလအတွင်း ဆွမ်းဝေယျာဝစ္စ ပြည့်စုံစေရန်အတွက် လှူဖွယ် ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခြင်း၊ အာရုံဆွမ်းဆက်ကပ်ခြင်းနှင့် ကျောင်းတိုက်အတွင်း နဂါးရုံဘုရားတည်ထားကိုးကွယ်ခြင်းအတွက် အလှူတော်ငွေတို့ကို နိဗ္ဗာန်ရည်မှန်း လှူဒါန်းမှုပြုလုပ်ခဲ့ကြပါသည်။