“သတင်းရေးသားနည်းနှင့် ဓာတ်ပုံ/ဗွီဒီယို ကင်မရာ အခြေခံရိုက်ကူးရေး” သင်တန်းသို့ တက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံအား မျှဝေခြင်း (၁၄-၈-၂၀၂၆)


ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့သည့် “သတင်းရေးသားနည်းနှင့် ဓာတ်ပုံ/ ဗွီဒီယို ကင်မရာ အခြေခံရိုက်ကူးရေး” သင်တန်းသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတမျှဝေခြင်း အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၄)ဦး တက်ရောက်ခဲ့ပါသည်။

“သတင်းရေးသားနည်းနှင့် ဓာတ်ပုံ/ဗွီဒီယို ကင်မရာ အခြေခံရိုက်ကူးရေး”သင်တန်းသို့ ဦးစီးအရာရှိ၊ ဒေါ်ထက်ထက်ဝေနှင့် စာရင်းကိုင်-၄ များဖြစ်သော ဦးစံထူးသာနှင့် ဦးဘုန်းပြည့်လျှံတို့က ၁၄-၅-၂၀၂၆ ရက်မှ ၂၆-၅-၂၀၂၆ ရက်ထိ တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။

“သတင်းရေးသားနည်းနှင့် ဓာတ်ပုံ/ဗွီဒီယိုကင်မရာ အခြေခံရိုက်ကူးရေး”သင်တန်းတွင် သင်ကြားခဲ့ရသည့် သတင်းရေးသားရာတွင် ပါဝင်ရမည့် စာရေးခြင်းနည်းလမ်းများ၊ တည်းဖြတ်ခြင်း နည်းလမ်းများ၊ တည်းဖြတ်ရာတွင် သတိမူရမည့်အချက်များ၊ ဆောင်းပါးရေးသားရာတွင် ရှိသင့်သည့် လက္ခဏာရပ်များနှင့် သတိမူရမည့်အချက်များ၊ ဓာတ်ပုံပညာရပ်ဆိုင်ရာ အခြေခံစည်းမျဉ်းများ၊ ဓာတ်ပုံကောင်းတစ်ပုံရရှိရန်အတွက် Camera,Lighting,Composition, Focus, Camera setting ထားရှိရမည့် အနေအထားများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဌာန၏ဆောင်ရွက်ချက်များအား အများပြည်သူသိစေရန် ထုတ်ပြန်သည့်ကိစ္စရပ်များအား သတင်းရေးသားနည်းကိုအခြေခံ၍ ရေးသားသင့်ကြောင်းနှင့် ဓာတ်ပုံ/ ဗွီဒီယို ရိုက်ကူးရာတွင်လည်း ဓာတ်ပုံကောင်းတစ်ပုံရအောင် ရှုထောင့်ပေါင်းစုံမှ ရိုက်ကူးရန်ဖြစ်ပြီး ဝန်ထမ်းများအား သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်နည်းအား လေ့လာကြရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။