South Asia Subregional Economic Cooperation (SASEC) Senior Officials Meeting (SOM) for 2026 အစည်းအဝေး တက်ရောက်ခြင်း (၂၉-၉-၂၀၂၆ ရက်မှ ၃၀-၉-၂၀၂၆ ရက်ထိ)


၂၀၂၆ ခုနှစ်အတွက် South Asia Subregional Economic Cooperation (SASEC) Senior Officials Meeting (SOM) အား သီရိလင်္ကာနိုင်ငံ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank) တို့ပူးပေါင်း၍ ၂၉−၉−၂၀၂၆ ရက်တွင် မြန်မာစံတော်ချိန် နံနက် ၁၀:၃၀ နာရီမှ ညနေ ၄:၁၅ နာရီထိလည်းကောင်း၊ ၃၀-၉-၂၀၂၆ ရက်တွင် မြန်မာစံတော်ချိန် နံနက် ၁၀:၃၀ နာရီမှ ညနေ ၄:၀၀ နာရီထိလည်းကောင်း သီရိလင်္ကာနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ တာဝန်ရှိသူ အရာရှိ (၁၁) ဦးက Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် Transport Working Group ၊ Trade Facilitation Working Group ၊ Energy Working Group များ၏ လုပ်ငန်းဆောင်ရွက်မှု တိုးတက်မှုအခြေအနေများကို သုံးသပ်ခြင်း၊ Food Systems Knowledge Workshop ၊ Tourism Knowledge Exchange and Coordination Forum နှင့် Economic Corridor Development - ECD Forum တို့၏ အစီရင်ခံစာများ တင်ပြခြင်း၊ SASEC အဖွဲ့ဝင်နိုင်ငံများရှိ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များ၊ Action Plan of SASEC Initiative – APSI နှင့် Country Partnership Strategy and Country Programming supporting RCI တို့ကို ဆွေးနွေးခဲ့ကြပါသည်။  

အဆိုပါအစည်းအဝေးသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ SASEC လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။