South Asia Subregional Economic Cooperation (SASEC) Nodal Officials Meeting ကျင်းပခြင်း (၂၀-၆-၂၀၂၂)
SASEC တွင် အဖွဲ့ဝင် (၇) နိုင်ငံဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ မော်လ်ဒိုက်နိုင်ငံ၊ နီပေါနိုင်ငံနှင့် သီရီလင်္ကာနိုင်ငံတို့ပါဝင်ပါသည်။ မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် SASEC Nodal Official အဖြစ် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှစ၍ တာဝန်ယူဆောင်ရွက်ပါသည်။ SASEC Nodal Officials Meeting အား ၂၀−၆−၂၀၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၁၁:၃၀ နာရီတွင် Virtual ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် SASEC Institutional Structure ၊ SASEC Vision ၏ မဟာဗျူဟာ၊ အဆိုပြုထားသည့် နယ်ပယ်သစ်များကိုလည်းကောင်း၊ ၁၃−၆−၂၀၂၂ ရက်နေ့နှင့် ၁၄−၆−၂၀၂၂ ရက်နေ့တို့တွင် ကျင်းပခဲ့သည့် SASEC Working Group Meetings ၏ ဆုံးဖြတ်ချက်များကိုလည်းကောင်း၊ SASEC ၏ Action plan ကိုလည်းကောင်း အတည်ပြုရန်ရည်ရွယ်ပါသည်။
အစည်းအဝေးတွင် အိန္ဒိယနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးရာဦးစီးဌာန၏ Additional Secretary နှင့် ယခုအစည်းအဝေး၏ Chair ဖြစ်သူ Mr. Rajat Kumar Mishra တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး ADB ၊ တောင်အာရှဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Thiam Hee Ng မှ Moderator အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ၏ Nodal Official ဖြစ်သူ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ SASEC လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးအား ညနေ ၅:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။