“AI Driven Transformation" သင်တန်းတက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံအား မျှဝေခြင်း (၂-၁၀-၂၀၂၆)


ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ်(၂)၊ သင်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့သည့် “AI Driven Transformation”  သင်တန်းသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတ မျှဝေခြင်းအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီတွင် ရုံးအမှတ် (၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၄)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် သင်ကြားခဲ့ရသည့် AI စနစ်၏ အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွင် ဒီဇိုင်းရေးဆွဲခြင်း၊ Data စုဆောင်းမှု၊ Model လေ့ကျင့်မှုနှင့် အသုံးချမှုဟူ၍ အဆင့်ဆင့်ပါဝင်ကြောင်း၊ AI စနစ်တွင် အဓိကအရေးကြီးဆုံးမှာ Data ဖြစ်ကြောင်း၊ Data စုဆောင်းခြင်း နှင့် စံသတ်မှတ်ခြင်းကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ AI စနစ်တွင် ထည့်သွင်း အသုံးမပြုမီ Data ကို စစ်ဆေးခြင်း၊ သန့်ရှင်းခြင်းနှင့် ပေါင်းစပ်ခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ Data ၏ အရည်အသွေး၊ ခိုင်မာမှုနှင့် ယုံကြည်စိတ်ချရမှုများသည် အဓိကဖြစ်ကြောင်း၊ AI စနစ် အောင်မြင်မှုသည် စနစ်တွင် ထည့်သွင်းထားသော အချက်အလက်များပေါ်တွင် မူတည်ပါကြောင်းနှင့် ဌာန/အဖွဲ့အစည်းများ၏ ရည်မှန်းချက် ပန်းတိုင်များနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းတို့အပြင် AI မဟာဗျူဟာ ရေးဆွဲခြင်း၊ AI မဟာဗျူဟာ တည်ဆောက်ခြင်း၊ AI စီမံကိန်းများအား သတ်မှတ်ခြင်းများနှင့်စပ်လျဉ်းပြီး AI အတွက် ဒေတာစီမံခန့်ခွဲမှု (Why Data Matters for AI)၊ ဒေတာအရည်အသွေးစီမံခန့်ခွဲမှု (Data Quality Management) နှင့် ဒေတာခိုင်မာမှုကိုထိန်းသိမ်းခြင်း (Maintaining Data Integrity) အကြောင်းအရာများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးများကလည်း မေးမြန်းခြင်းများအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။