South Asia Sub Regional Economic Cooperation (SASEC) Senior Officials Meeting (SOM) for 2025 တက်ရောက်ခြင်း (၈-၁၂-၂၀၂၅ ရက်မှ ၉-၁၂-၂၀၂၅ ရက်ထိ)


၂၀၂၅ ခုနှစ်အတွက် South Asia Sub Regional Economic Cooperation (SASEC) Senior Officials Meeting (SOM) အား နီပေါနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank - ADB) တို့ပူးပေါင်း၍ ၈−၁၂−၂၀၂၅ ရက်တွင် မြန်မာစံတော်ချိန် နံနက် ၀၉:၄၅ နာရီမှ ည ၀၆:၁၅ နာရီထိလည်းကောင်း၊  ၉−၁၂−၂၀၂၅ ရက်တွင် မြန်မာစံတော်ချိန် နံနက် ၁၀:၁၅ နာရီမှ ညနေ ၀၄:၁၅ နာရီထိလည်းကောင်း နီပေါနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ရာ ၎င်းအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် (၇) ဦးက Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် Transport Working Group ၊ Trade Facilitation Working Group နှင့် Energy Working Group တို့၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ SASEC Strategy 2035 on Economic Corridor Development (ECD) ၊ ECD အောက်တွင် ဆောင်ရွက်မည့်ကိစ္စရပ်များ၊ Report and Summary on Action Plan for SASEC Initiatives (APSI) နှင့် Unified Logistics Interface Platform of India တို့ကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ SASEC လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။