“Comprehensive Disaster Risk Management” သင်တန်းတက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံအား မျှဝေခြင်း (၁၇-၇-၂၀၂၆)
အိန္ဒိယသမ္မတနိုင်ငံ၊နယူးဒေလီမြို့တွင် ဖွင့်လှစ်ပို့ချခဲ့သည့် “Comprehensive Disaster Risk Management” သင်တန်းသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတ မျှဝေခြင်း အစီအစဉ် ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း (၃၃)ဦး တက်ရောက်ခဲ့ပါသည်။
၎င်းသင်တန်းသို့ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ခင်ငြိမ်းသူက ၁၆-၂-၂၀၂၆ ရက်မှ ၂၇-၂-၂၀၂၆ ရက်ထိ တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် သင်ကြားခဲ့ရသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၏ အခြေခံ သဘောတရာများနှင့် အကြောင်းအရာများ၊ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပေါ်သော သဘာဝဘေး အန္တရာယ်များ၊ ထိခိုက်လွယ်သည့် အခြေအနေနှင့် ဆုံးရှုံးနိုင်ခြေများအပေါ် အသိအမြင် တိုးမြှင့် စေရန်၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် ကဏ္ဍအလိုက် မူဝါဒများတွင် သဘာဝဘေး အန္တရာယ် လျှော့ချရေးလုပ်ငန်းများ ထည့်သွင်း၍ ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဗဟုသုတ ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြား ရေးမှူးချုပ်များမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် နိုင်ငံ၏အခြေခံအဆောက်အအုံနှင့် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးရေးအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ့မှုတွင် ဝန်ထမ်းများအား လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။