အစိုးရငွေတိုက်လက်မှတ်များနှင့် အစိုးရငွေတိုက်စာချုပ်များအား စျေးပြိုင်စနစ်ဖြင့် ရောင်းချခြင်း
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ အစိုးရငွေတိုက်လက်မှတ်များ စျေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းကို စတင်ဆောင်ရွက်ခဲ့ပြီး တစ်လလျှင် (၂) ကြိမ် လေလံခေါ်ယူလျက်ရှိပါသည်။ အစိုးရငွေတိုက်စာချုပ်များ စျေးပြိုင်စနစ်ဖြင့် ထုတ်ဝေရောင်းချခြင်းအား ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ တစ်လလျှင် (၁) ကြိမ် လစဉ်တတိယရက်သတ္တပတ်၊ အင်္ဂါနေ့တိုင်း လေလံပွဲဆောင်ရွက်လျက်ရှိပါသည်။