3rd ASEAN Treasury Forum (ATF) Meeting သို့ Virtual ဖြင့် တက်ရောက်ခြင်း (၁၆−၇−၂၀၂၆)
၁။ 3rd ASEAN Treasury Forum (ATF) Meeting ကို ဖိလစ်ပိုင်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ၁၆−၇-၂၀၂၆ ရက်၊ မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီမှ ညနေ ၄:၀၀ နာရီ အထိ Virtual ဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး ဦးဆောင်သောအဖွဲ့ တက်ရောက်ခဲ့ကြပါသည်။
၂။ အစည်းအဝေး၏ နံနက်ပိုင်းတွင် ငွေတိုက်လုပ်ငန်းစဉ်များနှင့် စီမံခန့်ခွဲမှုတွင် Artificial Intelligence (AI) အသုံးပြု၍ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ငွေပေးချေမှုများအား AI Agent များဖြင့် ဆောင်ရွက်ခြင်း၊ AI Agent ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ AI အသုံးပြုရာတွင် နည်းပညာဆိုင်ရာ ထည့်သွင်းစဉ်းစားရမည့်အချက်များ၊ Data Governance Framework တွင် ပါဝင်သည့် အစိတ်အပိုင်းများနှင့်စပ်လျဉ်း၍ International Monetary Fund (IMF) မှ ကျွမ်းကျင်ပညာရှင်များက ရှင်းလင်းတင်ပြခဲ့ရာ Virtual ဖြင့် တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
၃။ မွန်းလွဲပိုင်းတွင် Cluster Clinic များခွဲ၍ Data စီမံအုပ်ချုပ်မှု မူဘောင်များ တည်ဆောက်ခြင်း (Data Governance Framework) နှင့်စပ်လျဉ်း၍ Cluster Clinic− Round 1 တွင် ရည်ရွယ်ချက်နှင့်နယ်ပယ်များ (Purpose & Scope) နှင့် စီမံအုပ်ချုပ်မှုပုံစံနှင့်အချက်အလက်ဆိုင်ရာ အခန်းကဏ္ဍများ (Governance structure & Data Roles) များအားလည်းကောင်း၊ Cluster Clinic− Round 2 တွင် အချက်အလက်အုပ်စုများနှင့်အမျိုးအစားခွဲခြားခြင်း (Data domains & Classification) နှင့် အချက်အလက်စံနှုန်းများနှင့်အကြောင်းအရာ (Data Standards & metadata) များအားလည်းကောင်း၊ Cluster Clinic− Round 3 တွင် ငွေတိုက်လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားလည်းကောင်း နိုင်ငံအလိုက် တင်ပြကြပါသည်။
၄။ ဆက်လက်၍ Plenary Session ကို ကျင်းပရာ Cluster များအလိုက် ဆွေးနွေးခဲ့မှုအား တာဝန်ရှိသူများကလည်းကောင်း၊ ၂၀၂၆ ခုနှစ်တွင် ATF ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ဖိလစ်ပိုင်နိုင်ငံက ၂၀၂၇ ခုနှစ်တွင် ATF ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် စင်္ကာပူနိုင်ငံသို့ တာဝန်လွှဲပြောင်းခြင်း၊ Working Group (၄) ခုဖြစ်သည့် (က) ပြည်သူ့အသုံးစရိတ်စီမံခန့်ခွဲမှု (Public ExpenditureManagement)၊ (ခ) အစိုးရငွေကြေးစီမံခန့်ခွဲမှု (Government Cash Management)၊ (ဂ) အစိုးရစာရင်းပေါင်းချုပ်ပြုစုရေးနှင့်အစီရင်ခံရေး (Government Accounting & Reporting)၊ (ဃ) ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို ဒီဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်ခြင်း (Digitalization of Public Finance Management) တို့၏ လက်ရှိဥက္ကဋ္ဌများမှ ၂၀၂၇ ခုနှစ်တွင် Working Group ဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်မည့်နိုင်ငံများသို့ တာဝန်များလွှဲပြောင်းခြင်းကို သက်ဆိုင်ရာနိုင်ငံများကလည်းကောင်း၊ ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် ATF အစည်းအဝေးတွင် ဆွေးနွေးမည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ စင်္ကာပူနိုင်ငံကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ အဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်လာသူများက ဆွေးနွေးကြပါသည်။