“Public Expenditure Management”သင်တန်းသို့ တက်ရောက်ခဲ့သည့် ဗဟုသုတ၊ အတွေ့အကြုံများအား မျှဝေခြင်း (၂၂-၅-၂၀၂၆)
အိန္ဒိယသမ္မတနိုင်ငံ၊နယူးဒေလီမြို့တွင် ဖွင့်လှစ်ပို့ချခဲ့သည့် “Public Expenditure Management” သို့ တက်ရောက်ခဲ့သည့် ငွေတိုက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးနေလင်းစိုးနှင့် ဦးစီးအရာရှိ၊ ဦးစိုင်းမင်းသန့်တို့မှ ၎င်းတို့ရရှိခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတ မျှဝေခြင်းအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ်(၃၄)၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်း နှင့် အမှုထမ်းများ စုစုပေါင်း(၄၂)ဦး တက်ရောက်ခဲ့ပါသည်။
၎င်းသင်တန်းသို့ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးနေလင်းစိုးနှင့် ဦးစီးအရာရှိ၊ ဦးစိုင်းမင်းသန့်တို့က ၁၀-၁၁-၂၀၂၅ ရက်နေ့မှ ၂၁-၁၁-၂၀၂၅ ရက်နေ့အထိ တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။
သင်တန်းတွင် ဆွေးနွေးပို့ချချက်များအရ အဆိုပါသင်တန်းသို့ တက်ရောက်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံ၏ စွမ်းရည်ပြည့်ဝသည့် ပြည်သူ့အသုံးစရိတ်စီမံခန့်ခွဲမှုနည်းလမ်းကောင်းများကိုလည်းကောင်း၊ မိမိနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြည်သူ့ဘဏ္ဍာရေးစနစ်စီမံခန့်ခွဲမှု ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(Modernization of Public Finance Management Project-MPFM) အကောင်အထည်ဖော်မှုများအတွက် များစွာအထောက်အကူပြုမည့်နည်းလမ်းများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းခြင်း၊ ဗဟုသုတဖလှယ်ခြင်း၊ အတွေ့အကြုံများ မျှဝေခြင်း၊ ဆွေးနွေးခြင်းများအပြင် ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ Public Expenditure Management သင်တန်းသည် ဌာန၏လုပ်ငန်းတာဝန်များနှင့်သက်ဆိုင်သည့် သင်တန်းဖြစ်ခြင်းကြောင့် ယခုကဲ့သို့သော သင်တန်းများကို စေလွတ်သွားရောက်စေခြင်းဖြင့် ဌာန၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာအထောက်အကူပြုပါကြောင်း၊ဌာနမှ ဝန်ထမ်းများအနေဖြင့် မဖြစ်မနေ သိသင့်သိထိုက်ကြောင်း၊ သင်တန်းတက်ရောက်ကြရသည့် ဝန်ထမ်းများအနေဖြင့် သင်ကြားခဲ့ရသည့် ဘာသာရပ်များအား မိမိလက်တွေ့နယ်ပယ်များအပေါ် မူတည်၍ ရှေ့ဆက်ဆောင်ရွက်သင့်သည်များ ထည့်သွင်းဆွေးနွေးသင့်ပါကြောင်း မှာကြားခဲ့ပြီး “Public Expenditure Management” သင်တန်းသို့ တက်ရောက်ခဲ့ခြင်းမှရရှိခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတမျှဝေခြင်း အစီအစဉ်အား (၁၁:၀၀) နာရီတွင် ကျင်းပပြီးစီးခဲ့ပါသည်။